မြန်မာဘာသာ

အလယ်အာရှ ၅ နိုင်ငံမှ ခေါင်းဆောင်များသည် ပီကင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် စောင့်မျှော်

criPublished: 2022-01-26 14:28:36
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၅ ရက်နေ့ ညနေပိုင်းက ပီကင်း၌ တရုတ်နှင့် အလယ် အာရှ ၅ နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခြင်း နှစ် ၃၀ ပြည့် ဗီဒီယို ထိပ်သီးအစည်းအဝေးကို ကြီးမှူး ကျင်းပပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အလယ်အာရှ ၅ နိုင်ငံမှ ခေါင်းဆောင်များက လာမည့်သီတင်းပတ်တွင် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်၊ တရုတ်နိုင်ငံနှင့် လက်တွဲပြီး အနာဂတ်သို့ လျှောက်လှမ်းရန် စောင့်မျှော်ပါကြောင်း၊ တရုတ်နိုင်ငံက ကပ်ရောဂါ အခက်အခဲများကို ကျော်လွှားပြီး ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို စီစဉ်ထားသည့်အတိုင်း အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် ကမ္ဘာကို ပိုမို များပြားသော ယုံကြည်မှုနှင့် မျှော်လင့်ချက်များ ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn