မြန်မာဘာသာ

ဝမ်ယိသည် တရုတ်၊ ရုရှားနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ၏ ဗီဒီယိုအစည်းအဝေးသို့ တက်ရောက်

criPublished: 2021-11-27 10:07:46
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ၂၆ ရက်နေ့က ဗီဒီယိုပုံစံဖြင့် တရုတ်၊ ရုရှားနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ၏ ၁၈ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဝမ်ယိက တရုတ်-ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်တင်ရေးနှင့်ပတ်သက်၍ အချက်ငါးချက်ကို တင်ပြခဲ့သည်- ပထမ၊ စစ်မှန်သော နိုင်ငံစုံဝါဒကို ကျင့်သုံးခြင်း၊ ဒုတိယ၊ နိုင်ငံများ၏ တရားဝင်အခွင့်အရေးနှင့် ကိုယ်တိုင်ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရိုသေလေးစားခြင်း၊ တတိယ၊ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးခြင်း၊ စတုတ္ထ၊ကပ်ရောဂါပြီးနောက် စီးပွားရေး ပြန်လည်ဦးမော့လာရန် တွန်းအားပေးခြင်း၊ပဉ္စမ၊ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းခြင်းတို့ဖြစ်သည်။

အစည်းအဝေးအပြီးတွင် သုံးနိုင်ငံသည် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

Share this story on

Messenger Pinterest LinkedIn