မြန်မာဘာသာ

တရုတ်မှ နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၈၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပြီ

criPublished: 2021-11-26 14:36:56
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ ၇သိန်းကို နိုဝင်ဘာလ၂၅ရက်နေ့က စတင်ပို့ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ သန်း၁၈၀၀ကျော်ကို ကူညီထောက်ပံ့ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဒုတိယတာဝန်ခံပုဂ္ဂိုလ် တိန့်ပေါ်ချင်းက တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှု သည် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု၏ ရုပ်ပုံငယ်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံ၏ အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နှင့် ဦးစားပေးသူဖြစ် ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကိုဗစ်-၁၉ကာကွယ်ဆေး အလုံးရေ သန်း၁၅၀ကို ဆက်လက် အခမဲ့ကူညီထောက်ပံ့မည်ဖြစ်ကြောင်း၊ လာမည့်၃နှစ် အတွင်းတွင် အာဆီယံအဖွဲ့အား ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ သန်း၁၅၀၀ကို ဆက်လက် ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn