မြန်မာဘာသာ

နောက်ကွယ်တွင် လက်မည်းသည် ၄င်းပင်ဖြစ်

cri2022-03-28 22:13:17

ဒေသ စံတော်ချိန် ယခုလ ၂၆ရက်နေ့က အမေရိကန် သမ္မတ ဘိုင်ဒင်က ပိုလန်နိုင်ငံတွင် ရုရှား-ယူကရိန်း အချင်းပွားမှုနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာ၌ ယင်းလူ(ရုရှား သမ္မတ ပူတင်)သည် အာဏာ ဆက်လက် ချုပ်ကိုင်၍ မရတော့ကြောင်း ပြောကြားသည်။ မိန့်ခွန်းပြောကြားပြီးနောက် အိမ်ဖြူတော်သည် ဘိုင်ဒင်မှ အခြား နိုင်ငံ၏ ပြည်တွင်းရေးတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်သည့် ယင်းပြောဆိုချက်ကို ရှင်းလင်းပြောကြားခဲ့သော်လည်း ၄င်းပြောဆိုချက်သည် အမေရိကန် အစိုးရ၏ စစ်မှန်သော ရည်မှန်းချက်ကို ပေါ်လွင်လာစေခဲ့သည်။ ယင်းစစ်မှန်သည့် ရည်ရွယ်ချက်မှာ ရုရှားကို ဖျက်ဆီးပြီး ရုရှား အစိုးရကို တွန်းလှန်ကာ အမေရိကန်၏ ဗိုလ်ကျမှုပြုခြင်းကို ကူညီပံ့ပိုးရန်ပင် ဖြစ်သည်။

အမေရိကန်သည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ သဘောထား ပလက်ဖောင်း အပါအဝင် အရင်းအမြစ်များကို ထိန်းချုပ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ရေးကို အကြောင်းပြုကာ ကမ္ဘာ့ ဒေသ အသီးသီးတွင် မတည်မငြိမ်ဖြစ်မှုများကို ဖန်တီးခဲ့သည်။ အမေရိကန်၏ ကျူးကျော်မှု သမိုင်းနှင့် ဝင်ရောက်စွက်ဖက်မှု သမိုင်းကို ပြန်လည် သုံးသပ်ပြီး အမေရိကန်သည် ကမ္ဘာ့ မတည်မငြိမ်ဖြစ်မှု၏ နောက်ကွယ်တွင် လက်မည်းပင် ဖြစ်ပြီး ကမ္ဘာ့ ရှုပ်ထွေးမှု၏ အရင်းအမြစ်ပင် ဖြစ်သည်ကို တွေ့ရသည်။

အမေရိကန်သည် ရရာနည်းဖြင့် ကမ္ဘာ့ ဒေသ အသီးသီးတွင် စစ်ပွဲကို ထင်သလို သွေးထိုးလှုံ့ဆော်သည်။ အမေရိကန်မှ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ပြီး အရပ်သူအရပ်သားများကို သတ်ဖြတ်သည့် ပြစ်မှုသမိုင်းတွင် အရပ်သူအရပ်သား ၃သန်း အသက်ဆုံးရှုံးခြင်းနှင့် လူ၃သန်းခန့် ဒုက္ခသည် ဖြစ်လာခြင်း ပါဝင်သည်။

Close
Messenger Pinterest LinkedIn