မြန်မာဘာသာ

ရုရှားနိုင်ငံခြားရေးဝန်ကြီး - ရုရှားက အနောက်တိုင်းဆန္ဒကို လိုက်လျောမည် မဟုတ်သော်လည်း အနောက်တိုင်းနှင့် တန်းတူညီမျှ ပူးပေါင်းဆောင်ရွက်လိုသည်

cri2022-03-25 11:00:06

ဒေသစံတော်ချိန် မတ်လ ၂၃ ရက်နေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရို့ဗ်က ရုရှားက အနောက်တိုင်းဆန္ဒကို လိုက်လျောမည်မဟုတ်သော်လည်း အနောက်တိုင်းနှင့် တန်းတူညီမျှ ပူးပေါင်းဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။ ၎င်းက အမေရိကန်ဦးဆောင်သည့် အနောက်တိုင်း နိုင်ငံများသည် Unipolar ကမ္ဘာကြီးအစီအစဉ်ကို ပြန်လည်ဖော်ဆောင်ရန်ကြိုးပမ်းနေပြီး လွတ်လပ်သော မူဝါဒကို ဖော်ဆောင်သည့်နိုင်ငံကို တိုက်ခိုက်နေသည်ဟု ဝေဖန်ခဲ့သည်။ ၎င်းက အမေရိကန်၏ ရည်ရွယ်ချက်သည် ရုရှားကို တားဆီးရန်နှင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လွတ်လပ်သောစွမ်းရည်ရှိသည့် မည်သည့်နိုင်ငံကိုမဆို တားဆီးရန်ဖြစ်သည်ဟု ဆိုသည်။

Close
Messenger Pinterest LinkedIn