မြန်မာဘာသာ

ရဲဘော်၏အလောင်းကိုပို့ဆောင်ပေးပြီးနောက် အီရတ်၌ အခြေစိုက်ခဲ့ဖူးသည့် အမေရိကန် စစ်သည်ဟောင်းကြီးလည်း ထွက်ပြေးပါပြီ

cri2022-03-25 10:56:36

အမေရိကန်စစ်ရေး Website ဖြစ်သည့် “Take & Purpose” က ၂၂ ရက်နေ့ သတင်းတင်ဆက်မှုအရ အမေရိကန်စစ်သည်ဟောင်းကြီး Hieu Le က ရဲဘော်၏အလောင်းကို ပို့ဆောင်သည့်တာဝန် တစ်ကြိမ်ထမ်းဆောင်ပြီးနောက် ယူကရိန်းရှေ့တန်းကနေထွက်ခွာပြီး မိမိ၏ဗော်လန်တီယာတပ်သားတာဝန်အား အဆုံးသတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ဒေသစံတော်ချိန် ၂၁ ရက်နေ့တွင် ၎င်းကထွက်ခွာရန်ဆုံးဖြတ်ထားသည့် “နိုင်ငံတကာတပ်ဖွဲ့” လူပုဂ္ဂိုလ်များနှင့်အတူ ယူကရိန်းနိုင်ငံအနောက်ပိုင်းသို့ စတင်ထွက်ခွာခဲ့သည်။

၂၀၁၂ ခုနှစ်တွင် အီရတ်၌ နေရာချထားခံခဲ့ရဖူးသည့် အဆိုပါစစ်သည်ဟောင်းကြီးက ထိုကဲ့သို့မြန်မြန်ထွက်ခွာရသည်မှာ အနည်းငယ်ရှက်ဖွယ်ရာကောင်းသော်လည်း “ဒါကလူကို ကြောက်လန့်ဖွယ်နဲ့ ကြေကွဲဖွယ် အတွေ့အကြုံတစ်ခုပါ” ဟု သတင်းထောက်ကို ပြောကြားခဲ့သည်။

Hieu Le ထွက်ခွာရန်ဆုံးဖြတ်သည့်အကြောင်းအရင်းတစ်ခုမှာ ယူကရိန်း “နိုင်ငံတကာတပ်ဖွဲ့” ၏ ဖရိုဖရဲဖြစ်မှုကြောင့်ဖြစ်သည်။

Close
Messenger Pinterest LinkedIn