မြန်မာဘာသာ

ယူကရိန်း စားနပ်ရိက္ခာ တင်ပို့မှု ပြဿနာဖြစ်နိုင်ခြေရှိကြောင်း ဇယ်လန်စကီဆို

cri2022-03-23 13:06:18

ဒေသစံတော်ချိန် မတ်လ ၂၂ ရက်နေ့တွင် ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်စကီသည် အီတလီနိုင်ငံလွှတ်တော်သို့ ဗီဒီယို မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၄င်း၏ မိန့်ခွန်းတွင် မိမိသည် ယူကရိန်းနိုင်ငံ၏ စားနပ်ရိက္ခာ တင်ပို့မှုကို စိုးရိမ်ကြောင်း၊ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ၏ ဆိပ်ကမ်းများကို ထိန်းချုပ် သို့မဟုတ် ပိတ်ဆို့ပါက ယူကရိန်း၏ စားနပ်ရိက္ခာ တင်ပို့ရန် ခက်ခဲလာမည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာ တင်ပို့သည့်နိုင်ငံများထဲတွင် ပါဝင်သည့်အတွက် ယူကရိန်းနိုင်ငံ စားနပ်ရိက္ခာ တင်ပို့မှု ခက်ခဲလာခြင်းသည် တစ်ကမ္ဘာ့လုံး စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Close
Messenger Pinterest LinkedIn