မြန်မာဘာသာ

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွား၊ အမေရိကန်က ရှမ်ပိန်အရက် ဖွင့်ပြီး cheers လုပ်နေကြ

cri2022-03-23 11:48:15

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိဟောင်း Spinney က ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၊ k လမ်း၊ စစ်ရေး စက်မှု ကုမ္ပဏီများနဲ့ လွှတ်တော် တိုက်ကြီးထဲမှာ အားလုံး တိတ်တဆိတ် ရှမ်ပိန်အရက် ဖွင့်ပြီး cheers လုပ်ကြတယ်လို့ မကြာခင်က ပြောဆိုခဲ့တယ်။ သူ့ရဲ့စကားဟာ အမေရိကန်ကသာ ရုရှား-ယူကရိန်း ပဋိပက္ခမှာ အကြီးဆုံး အကျိုးရရှိသူ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

Spinney ပြောသလိုပဲ ရုရှား-ယူကရိန်း ပဋိပက္ခဟာ အမေရိကန်ရဲ့ နိုင်ငံရေး ကြိုးကိုင် လုပ်ဆောင်မှုရဲ့ ရလဒ် ဖြစ်တယ်။ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခြင်းဟာ အမေရိကန် စစ်ရေး စက်မှုကုမ္ပဏီများကို အမြတ်အစွန်း အမြောက်အမြား ရရှိစေခဲ့တယ်။ တစ်ချိန်တည်းမှာ အမေရိကန်က အရေးယူ ပိတ်ဆို့မှုများပြုလုပ်၍ ရုရှားကို ဖိနှိပ်ခဲ့ပြီး ဥရောပရဲ့ မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်ရေး ဖြစ်စဉ်ကိုလည်း တားမြစ်နိုင်ခဲ့ကာ အမေရိကန် ပုံစံ ဗိုလ်ကျစိုးမိုးရေးကို ပိုမို ခိုင်ခံ့လာစေပါတယ်။

အမေရိကန်ဟာ ရုရှား- ယူကရိန်း အကျပ်အတည်းရဲ့ အစပြုသူ ဖြစ်တယ်။ ဒါပေမယ့် အခု အဲဒီအစပြုသူက ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ရရှိပြီး စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သတင်းအတု ဖြန့်ခဲ့တယ်။ အဲဒါဟာ အမေရိကန်ရဲ့ အရှက်မရှိတဲ့ မုသားစကား ပါပဲ။ မီးထဲမှာ လောင်စာထည့်သူ တစ်ယောက်က အစွမ်းကုန် မီးငြှိမ်းပေးနေသူ တစ်ယောက်ကို အိုးမဲသုတ် ပုတ်ခတ် ပြောဆိုသလို တာဝန်မယူဘဲ သူများကို အပြစ်လွှဲချတဲ့ ယုတ်ညံ့တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ရုရှား- ယူကရိန်း အကျပ်အတည်းကို အဆက်မပြတ် သွေးထိုးလှုံ့ဆော်ပြီး အကျပ်အတည်းထဲမှ အမြတ်အစွန်း ရရှိ၍ ရှမ်ပိန်ဖွင့်ပြီး cheers လုပ်ကြတဲ့ အမေရိကန်တို့ကသာ ယူကရိန်း အကျပ်အတည်းကို ဖန်တီးသူပဲ ဖြစ်တယ်လို့ ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီ ဖြစ်ကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။

Close
Messenger Pinterest LinkedIn