နယူးယောက် ရှေ့နေချုပ်ရုံးသို့သွားပြီး သက်သေထွက်ဆိုချက်မပြုရန် Trump မိသားစုက လျှောက်ထား
cri2022-03-22 17:30:31
ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့က အမေရိကန်သမ္မတဟောင်း Donald Trump၊ ၎င်း၏ သမီး Ivanka Trump နှင့် အကြီးဆုံးသားဖြစ်သူ Donald Trump Jr. တို့သည် တရားရုံးသို့ လျှောက်လွှာတင်ပြီး Trump မိသားစုက ရှေ့နေချုပ်ရုံးသို့ သွားပြီး သက်သေထွက်ဆိုချက်ပြုရန် နယူးယောက် ပြည်နယ် ရှေ့နေချုပ် Letitia James ၏ တောင်းဆိုချက်ကို ပယ်ချရန် လျှောက်ထားခဲ့ကြသည်။ သက်သေထွက်ဆိုချက်ပြုပါက သင့်လျှော်သည့် နေရာသည် ခုံသမာဓိအဖွဲ့ပါဝင်သော တရားရုံးတစ်ခုဖြစ်ကြောင်း Trump မိသားစုက ဖော်ပြခဲ့သည်။
ယင်းဖြစ်ရပ်နှင့် ဆက်နွယ်ထားသော မှုခင်းတစ်ခုသည် နယူးယောက် ပြည်နယ် ရှေ့နေချုပ်က Trump အဖွဲ့၏ ဖြစ်နိုင်ခြေရှိသော လိမ်လည်မှုအချို့အပေါ် စုံစမ်းစစ်ဆေး နေခြင်းဖြစ်သည်ဟု သတင်းအရ သိရသည်။