မြန်မာဘာသာ

ဥရောပဘောလုံးဝါသနာရှင်များ ကန်နှင့်နေတိုး၏စစ်ပွဲသမိုင်းကို တိုင်တန်းခြင်းအဖြစ် နဖူးစည်းစာတန်းများကို လက်တွေ့ကွင်းဆင်းပြသခြင်းသည် လူအများကို အလေးအနက် စဉ်းစား ဆင်ခြင်မှုဖြစ်စေသည်ဟု တရုတ်ဆို

cri2022-03-22 17:29:38

မကြာခင်က ဆာဗီးယားနိုင်ငံ ဘဲဂရိတ်မြို့တော်၌ ကျင်းပခဲ့သော ဥရောပလိဂ်ပြိုင်ပွဲ (၁၆)သင်းအဆင့်ပြိုင်ပွဲတွင် ပရိသတ်များသည် နဖူးစည်း စာတန်းကြီး များကို မခြင်းဖြင့် ပြီးခဲ့သည့် နှစ် ၃၊၄ဆယ်အတွင်း အမေရိကန်နှင့် နေတိုးအဖွဲ့တို့မှ ဆင်နွှဲခဲ့သော စစ်ပွဲများကြောင့် ဂယက်ရိုက်ခတ်မိသော နိုင်ငံနှင့်ဒေသများကို အကုန်လုံး ရေးသားဖော်ပြသည့်အပြင် စစ်ပွဲဆန့်ကျင်ရေးသီချင်းကို သီဆိုခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းသည် တစ်ကမ္ဘာလုံးရှိ လူထုများအား ပြီးခဲ့သည့် နှစ် ၃၊၄ဆယ်အတွင်း အမေရိကန်နှင့် နေတိုးအဖွဲ့တို့၏ စစ်ပွဲ သမိုင်းကို ပြန်လည်သုံးသပ်စေသည့်အပြင် နိုင်ငံတကာပေါ်တွင် ထိုသို့ “စစ်ပွဲ ဆန့်ကျင်သည်” ဟု ထုတ်ပြောသောနိုင်ငံများ စစ်ပွဲကို ကိုယ်တိုင် ဆင်နွှဲ၊ မဆင်နွှဲသင့်ခြင်းကို လူအများအား အလေးအနက် စဉ်းစားဆင်ခြင်စေကြောင်း ၂၁ ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Close
Messenger Pinterest LinkedIn