မြန်မာဘာသာ

ယနေ့ အမေရိကန်ကိုပုံဖော်လျှင်အမေရိကန်များက“ကွဲပြားခြင်း” လို့ဖြေဆို

cri2022-03-22 17:17:59

“ယနေ့ အမေရိကန်နိုင်ငံကိုဖော်ပြဖို့ ဘယ်စကားလုံးကိုသုံးသင့်ပါသလဲ” လို့ မေးတဲ့အခါ အမေရိကန်တွေပေးတဲ့ အဖြေက “ကွဲပြားခြင်း” ဖြစ်ပါသည်။ နောက်ဆုံး စစ်တမ်းကောက်ယူမှု ရလဒ် အရ အမေရိကန်နိုင်ငံသား အများစုသည် တိုင်းပြည်၏ လက်ရှိ အနေအထားကို မကျေမနပ်ဖြစ်ပြီး အမေရိကန်နိုင်ငံသည် လမ်းကြောင်းမှားသို့ ဦးတည်နေသည်ဟု စစ်တမ်းကောက်ယူမှု လက်ခံသော ၇၃ ရာခိုင်နှုန်း အမေရိကန်ပြည်သူများက ယူဆကြပါသည်။

လူအချို့က အမေရိကန်နိုင်ငံ၏ လက်ရှိအခြေအနေကို ဖော်ပြရန် "ရှုပ်ယှက်ခတ်"၊ "စိတ်ပျက်စရာ" နှင့် "ရှုပ်ထွေး" ကဲ့သို့သော စကားလုံးများကို အသုံးပြုကြသည်။ စစ်တမ်း ဖြေဆိုသူ၇၃ရာခိုင်နှုန်းသည် အမေရိကန် လက်ရှိအခြေအနေကို ဖော်ပြရန် အနုတ်လက္ခဏာစကားလုံးများကို အသုံးပြုကြပြီး ၁၅ ရာခိုင်နှုန်းသာ အပြုသဘောစကားလုံးများကိုအသုံးပြုကြသည်။

Close
Messenger Pinterest LinkedIn