တစ်ကမ္ဘာလုံးမှာ လူဦးရေ ၂.၂ ဘီလီယံ သန့်ရှင်းသော သောက်သုံးရေ မရနိုင်
cri2022-03-22 17:11:55
မတ်လ ၂၂ ရက်နေ့သည် အကြိမ် ၃၀ မြောက် “ကမ္ဘာ့ရေနေ့” ဖြစ်ပါသည်။ ယခုနှစ် “ကမ္ဘာ့ရေနေ့” ၏ ဆောင်ပုဒ်သည် “မြေအောက်ရေကို မြတ်နိုးခြင်း၊ ဝှက်ထားသော အရင်းအမြစ်များကို မြတ်နိုးခြင်း” ဖြစ်ပါသည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းအရ ယခုအချိန်မှာ ကမ္ဘာပေါ်တွင် လူဦးရေ ၂.၂ ဘီလီယံခန့် သန့်ရှင်းသော သောက်သုံးရေကို မရနိုင်သေးပေ။ ၂၀၂၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ လူဦးရေ တစ်ဝက်လောက်က ရေအရင်းအမြစ်မလုံလောက်သော ဒေသတွင် နေထိုင်ရမည်ဖြစ်ပြီး ၂၀၅၀ ခုနှစ် ရောက်သည့်အခါ တစ်နှစ်အတွင်း ပြင်းထန်သော ရေရှားပါးမှု ပြဿနာကို အနည်းဆုံး တစ်လကြာ ရင်ဆိုင်ရမည့် လူဦးရေ ၅.၇ ဘီလီယံအထိ တိုးများသွားမည် ဖြစ်ပါသည်။