အမေရိကန်က ကမ္ဘာကြီးအား ရိုးသားဖြူစင်မှုကို ပြသသင့်
ပီကင်းစံတော်ချိန် ဒီလ ၁၈ ရက်နေ့ညမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ ဘိုင်ဒန်နဲ့ ဗီဒီယို ဆွေးနွေးပွဲကို ပြုလုပ် ရာမှာ ကျွန်တော်တို့က တရုတ်-အမေရိကန် ဆက်ဆံမှုကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရှေ့သို့ တိုးတက်ရန် ဦးဆောင်ရမယ့်အပြင် ထမ်းဆောင်သင့်တဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားများကိုလည်း ထမ်းဆောင်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ပြောကြားပါတယ်။
ဒီအကြိမ် ဆွေးနွေးပွဲမှာ ဘိုင်ဒန်က အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ “စစ်အေးတိုက်ပွဲသစ်”ပြုလုပ်ရန် မရှာကြံပါကြောင်း၊ တရုတ်နိုင်ငံရဲ့ စနစ်ကို ပြောင်လဲရန် မရှာကြံပါကြောင်း၊ မဟာမိတ်များနဲ့ ဆက်ဆံရေးကို အားဖြည့်ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်ရန် မရှာကြံပါကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံကြောင်း၊ တရုတ်နိုင်ငံနဲ့ ပဋိပက္ခ မဖြစ်ချင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှီကျင့်ဖိန်က ဒါကို လွန်စွာ အလေးထားကြောင်း ပြောကြားပြီး၊ တရုတ်- အမေရိကန် ဆက်ဆံမှု လက်ရှိ အခြေအနေ ပေါ်ထွက်ခြင်းရဲ့ တိုက်ရိုက် အကြောင်းရင်းဟာ အမေရိကန်မှ လူအချို့က ကျွန်တော်တို့ နှစ်ယောက် ရရှိခဲ့တဲ့ အရေးကြီး သဘောတူညီချက်ကို မဖေါ်ဆောင်တဲ့အပြင် သမ္မတရဲ့ အပြုသဘောဆောင်တဲ့ သဘောထား ဖေါ်ပြခြင်းကိုလည်း ထိရောက်စွာ မဖေါ်ဆောင်ခြင်းကြောင့် ဖြစ်ကြောင်း၊ အမေရိကန်က တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ ရည်မှန်းချက် အပေါ် မှားယွင်းတဲ့ အကဲဖြတ်မှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအကြိမ် ဆွေးနွေးပွဲမှာ ရှီကျင့်ဖိန်က နိုင်ငံတကာ တာဝန်ဝတ္တရားကို ထပ်တစ်ကြိမ် ပြောမိခဲ့ပြီး ယူကရိန်း အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်ပြီးလည်း တရုတ် ရပ်တည်ချက် သဘောထားကို ဖေါ်ပြခဲ့ပါတယ်။ ရှီကျင့်ဖိန်က ယူကရိန်း အကျပ်အတည်းကို ဖြေရှင်းဖို့ အရေးအကြီးဆုံးကိစ္စဟာ စေ့စပ်ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ရန်၊ အရပ်သူအရပ်သားများ သေကျေဒဏ်ရာရရှိမှုကို ရှောင်ရှားရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း မဖြစ်ပွားစေဖို့ ကာကွယ်ရန်နဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စဲရန် ဖြစ်တယ်လို့ ပြောကြားပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံက ယူကရိန်း အကျပ်အတည်းကို ပြေလည်စေဖို့ ပြုလုပ်တဲ့ ကြိုးပမ်းမှုသစ် ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ ကမ္ဘာကြီးအား ရိုးသားဖြူစင်မှုကို ပြသပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ရဲ့ သဘောတူညီချက်ကို လက်တွေ့ကျကျ ဖေါ်ဆောင်သင့်တယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖေါ်ပြထားပါတယ်။