ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယူကရိန်းရှိအမေရိကန် ဇီဝဓာတ်ခွဲခန်းကိစ္စရပ်ကိုထပ်မံဆွေးနွေး၊ သက်ဆိုင်ရာဘက်များက သံသယမေးခွန်းများကိုတုံ့ပြန်သင့်ဟု တရုတ်ဆို
cri2022-03-19 12:31:05
ကုလသမဂ္ဂလုံခြုံရေးကောင်စီ (၁၈)ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်း က ဇီဝစစ်ရေးလှုပ်ရှားမှုဆိုင်ရာ သဲလွန်စ မှန်သမျှကို နိုင်ငံတကာအသိုင်းအဝိုင်းက မြင့်မားစွာ အာရုံစူးစိုက်မှုနှင့် အလေးထားမှုကို နှိုးဆွသင့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ သံသယမေးခွန်း များကို သက်ဆိုင်ရာဘက်အနေနှင့် အချိန်မီ ဘက်စုံရှင်းပြသင့်ကြောင်းပြောကြားပါသည်။