မြန်မာဘာသာ

ယူကရိန်းဆိုင်ရာ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူသည် ယူကရိန်း လူသားချင်းစာနာမှုအခြေအနေနှင့် ကူညီထောက်ပံ့ရေးအကြောင်း မိတ်ဆက်

cri2022-03-18 12:15:56

မတ်လ ၁၇ ရက်နေ့က နိုင်ငံတကာကြက်ခြေနီကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဖလိုရီအန်•ဆယ်ရီရယ်ခ်စ် သည် ယူကရိန်း လူသားချင်းစာနာမှုအခြေအနေနှင့် ကူညီထောက်ပံ့ရေးအကြောင်းကို မိတ်ဆက်ရာတွင် လက်ရှိ ယူကရိန်း လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားနေပြီး အစားအစာ၊ ရေသန့်နှင့် ဆေးဝါး စသော အခြေခံ ဆေးကုသရေးနှင့် စားဝတ်နေရေးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် မတ်လ ၁၅ ရက်နေ့က နိုင်ငံတကာ ကြက်ခြေနီကော်မတီ စသော အေဂျင်စီများ စုစည်းထားသော တန်ချိန် ၂၀၀ ခန့်ရှိသော လူသားချင်း စာနာထောက်ပံ့ကူညီရေး ပစ္စည်းများသည် ယူကရိန်းသို့ ရောက်ရှိကြောင်း သတင်းအရ သိရပါသည်။

Close
Messenger Pinterest LinkedIn