မြန်မာဘာသာ

ရုရှားသည် အမေရိကန်သမ္မတဘိုင်ဒင် စသော ပုဂ္ဂိုလ် ၁၃ဦးကို ပိတ်ဆို့အရေးယူ

cri2022-03-16 16:31:35

ဒေသစံတော်ချိန် ယခုလ ၁၅ရက်နေ့က ရုရှားနိုင်ငံခြားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အသွားရှိလျှင် အပြန်ရှိရသော မူဝါဒကို အခြေခံပြီး အမေရိကန်သမ္မတဘိုင်ဒင် အပါအဝင် အမေရိကန်အစိုးရအေဂျင်စီမှ အကြီးအကဲများနှင့် ထင်ရှားသော ပုဂ္ဂိုလ်များကို ရုရှား ပြည်ဝင်ရန် ပိတ်ပင်သည့် အမည်စာရင်းတွင် ထည့်သွင်းကြောင်း၊ ၄င်းအမည်စာရင်းတွင် အမေရိကန်သမ္မတ ဘိုင်ဒင်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၊ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး အော်စတင်၊ အမေရိကန် စစ်ဦးစီးများ ပူးတွဲ ကွန်ဖရင့် ဥက္ကဋ္ဌ (Chairman of the Joint Chiefs of Staff)(CJCS)မာခ်·မီလီ၊ အမေရိကန်သမ္မတ နိုင်ငံတော်လုံခြုံရေးရာ လက်ထောက် စပ်လစ်ဗန်၊ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(CIA) ဥက္ကဋ္ဌ ၀ီလျံ·ဘန်းစ်၊ အမေရိကန်အိမ်ဖြူတော် သတင်းရေးရာအတွင်းရေးမှူး ဂျိမ်း·ပါစကီ၊ အမေရိကန်သမ္မတ နိုင်ငံတော်လုံခြုံရေးရာ ဒုလက်ထောက် တယ်လီဖ်·ဆင်း၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ ဥက္ကဋ္ဌ ဆာမန်ဆာ·ပေါ်လ်၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ပထမ လက်ထောက် အတွင်းဝန် ဝါလီ·အာတယ် ရယ်မို၊ အမေရိကန် သွင်းကုန် ပို့ကုန်ဘဏ်ဥက္ကဋ္ဌနှင့် အမှုဆောင် ရီတာ·ဂျို·လူးဝစ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နှင့် ဘိုင်ဒင်၏ သား ဟန်တာ·ဘိုင်ဒင် တို့ ပါဝင်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Close
Messenger Pinterest LinkedIn