ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တပ်မင်နစ္စတန်သမ္မတအဖြစ် အရွေးခံရသော ဇေဒါလ် ဘေဒီမူဟာမေဒ်ဗ်အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့
cri2022-03-16 16:27:13
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မတ်လ ၁၅ရက်နေ့က ဇေဒါလ် ဘေဒီမူဟာမေဒ်ဗ်အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ပြီး ၄င်းက တပ်မင်နစ္စတန်သမ္မတအဖြစ် အရွေးခံရခြင်းကို ထောမနာပြုကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တပ်မင်နစ္စတန်နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် နှစ် ၃၀ အတွင်း နိုင်ငံတော်တည်ဆောက်ရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး လျင်မြန်စွာ တိုးတက်လာကြောင်း၊ မိမိက တရုတ်နှင့် တပ်မင်နစ္စတန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားကာ သမ္မတ ဘေဒီမူဟာမေဒ်ဗ်နှင့်အတူ နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်မြောက်ခြင်းကို အစပြု နေရာသစ်အဖြစ်ထားပြီး တရုတ် -တပ်မင်နစ္စတန် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖေါ်ပြပါသည်။