အမေရိကန်အနေနှင့် တရုတ်ပြည်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခြင်း ချက်ချင်းရပ်စဲရန် တရုတ် တိုက်တွန်း
ယခုရက်များက အမေရိကန်မှ တရုတ်ပြည်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်အစိုးရအနေနှင့် ဆိုက်ဘာနယ်ပယ်တွင် ပိုမိုတာဝန်ယူစိတ်ဖြင့် အန္တရာယ်ရှိသော ဆိုက်ဘာလှုပ်ရှားမှုများကို ချက်ချင်းရပ်စဲရန် ယခုလ ၁၄ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တိုက်တွန်းခဲ့သည်။
ဖေဖော်ဝါရီလ နှောင်းပိုင်းမှစ၍ တရုတ်အင်တာနက်သည် ပြည်ပအဖွဲ့အစည်းများမှ ဆိုက်ဘာတိုက်ခိုက်မှုများကို ဆက်တိုက်ခံခဲ့ရပြီး၊ တရုတ်ပြည်တွင်းကွန်ပျူတာများအပေါ် တိုက်ခိုက်ထိန်းချုပ်ခြင်းမှတစ်ဆင့် ရုရှား၊ ယူကရိန်းနှင့် ဘီလာရုစ်နိုင်ငံများအပေါ် ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ စစ်ဆေးသုံးသပ်ပြီးနောက် ယင်း တိုက်ခိုက်မှု လိပ်စာများသည် အဓိကအားဖြင့် အမေရိကန်မှလာခြင်းဖြစ်ပြီး၊ ဂျာမဏီနှင့် နယ်သာလန် စသည့် နိုင်ငံများမှ တိုက်ခိုက်မှုလိပ်စာလည်း အနည်းစုရှိကာ၊ တိုက်ခိုက်မှုပစ်မှတ် ၈၇ ရာခိုင်နှုန်းမှာ ရုရှားနိုင်ငံ ဖြစ်ကြောင်း တရုတ်နိုင်ငံ အင်တာနက် အရေးပေါ်စင်တာ မှ စစ်ဆေးမှုအရ သိရသည်ဟု China Media Group မှ သတင်းအရ သိရသည်။