မြန်မာဘာသာ

အမေရိကန်သမ္မတဘိုင်ဒင်က ယူကရိန်းထံသို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးတန်ဖိုးရှိ စစ်ရေးအကူအညီများပေးအပ်ရန်ခွင့်ပြု

cri2022-03-13 13:33:17

အမေရိကန်အိမ်ဖြူတော်သည် မတ်လ ၁၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းထံသို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး တန်ဖိုးရှိ စစ်ရေးအကူအညီများပေးအပ်ရန်ခွင့်ပြုခဲ့ပြီး အဆိုပါကူညီမှုများသည် အမေရိကန်လက်ရှိ လက်နက်သိုလှောင်ရုံမှရရှိခြင်းဖြစ်သည်ဟုဆိုသည်။

ကြေညာချက်တွင် ဘိုင်ဒင်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးပစ္စည်း၊ ဝန်ဆောင်မှုနှင့် စစ်ရေးသင်ကြားမှုနှင့်လေ့ကျင့်မှုများထဲမှ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထက်မကျော်လွန်သော စစ်ရေးအကူအညီများ ရယူ၍ ယူကရိန်းထံကူညီပေးရန်ဆိုသည်ဟု ဖော်ပြထားသည်။

Close
Messenger Pinterest LinkedIn