ရုရှားအာကာသအေဂျင်စီက နိုင်ငံတကာအာကာသစခန်းတွင် ရင်းနှီးမြှုပ်နှံမှုအား လျှော့ချရန် စီစဉ်
cri2022-03-13 11:22:46
ဒေသစံတော်ချိန် မတ်လ ၁၁ ရက်နေ့တွင် ရုရှားအာကာသအေဂျင်စီ Roscosmos သည် နိုင်ငံတကာအာကာသစခန်းပရောဂျက်သို့ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ဦးစားပေးကဏ္ဍသစ်များကို ဖော်ဆောင်ရန် အတည်ပြုခဲ့သည်။ ၎င်းတို့မှာ အနိမ့်ပတ်လမ်းအန္တရာယ်သတိပေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရုရှားအာကာသစခန်း တည်ထောင်မှု၊ Vostochny Cosmodrome တည်ဆောက်မှုနှင့် သွင်းကုန်အစားထိုးအစီအစဉ်များ ဆက်လက်လုပ်ဆောင်ခြင်း တို့ အပါအဝင်ဖြစ်သည်။
ယင်းကုမ္ပဏီသည် ရုရှားဆန့်ကျင်ရေး ပိတ်ဆို့အရေးယူများ၏ သက်ရောက်မှုကို လျှော့ချရန်နှင့် နိုင်ငံအား ပြင်ပပတ်ဝန်းကျင်အပေါ် မှီခိုမှုမှ ကင်းလွတ်စေရန်အတွက် ၎င်း၏လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် ဒီဇိုင်းရေးဆွဲသုတေသနပြုစွမ်းဆောင်ရည်တို့ကို ပံ့ပိုးပေးရန်လည်း စီစဉ်ထားသည်။