မြန်မာဘာသာ

“နည်းပညာချို့ယွင်းမှု” ကြောင့် ပါကစ္စတန်သို့ “မတော်တဆ” ဒုံးကျည်တစ်လုံး ပစ်လွှတ်မိကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား

cri2022-03-13 11:22:30

ဆင်ဟွာသတင်းဌာန နယူးဒေလီ မတ်လ ၁၁ ရက်နေ့ သတင်းဖော်ပြချက် - အိန္ဒိယသည် ၉ ရက်နေ့တွင် ပုံမှန်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း “နည်းပညာချို့ယွင်းမှု” ကြောင့် ပါကစ္စတန်သို့ “မတော်တဆ” ဒုံးကျည်တစ်လုံး ပစ်လွှတ်မိကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

“ဒုံးကျည်သည် ပါကစ္စတန်၏ ဒေသတစ်ခုသို့ ကျရောက်ခဲ့ကြောင်း သိရသည်။ ဤဖြစ်ရပ်သည် အလွန်ဝမ်းနည်းဖွယ်ကောင်းသော်လည်း ထိခိုက်သေဆုံးသူမရှိသည့်အတွက် ကံကောင်းလှသည်။” ဟု ကြေညာချက်၌ ဖော်ပြသည်။

အိန္ဒိယအစိုးရက ဤဖြစ်ရပ်ကို လေးလေးနက်နက်ဂရုပြုပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဤဖြစ်ရပ်အပေါ် စစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

Close
Messenger Pinterest LinkedIn