မြန်မာဘာသာ

အမေရိကန်စသည်တို့သည် ယူကရိန်း၌ ဇီဝလက်နက်သုတေသနပြုလုပ်မှုအတွက် မဖြစ်မနေဖြေရှင်းချက်ပေးသင့်ဟု ကန်ထောက်လှမ်းရေးအရာရှိဟောင်း ဆို

cri2022-03-12 13:12:00

ဒေသစံတော်ချိန် ၁၀ ရက်နေ့တွင် အမေရိကန်မရိန်းတပ်ဖွဲ့ (USMC) ထောက်လှမ်းရေး အရာရှိဟောင်း Scott Ritter ရေးသားသည့်ဆောင်းပါးတွင် သက်ဆိုင်ရာဘက်အသီးသီးက ယူကရိန်း၏ဓာတ်ခွဲခန်းတွင် အလွန်အန္တရာယ်များသည့်ရောဂါပိုးများသုတေသနပြုလုပ်သည့် လက်တွေ့အခြေအနေအတွက် မဖြစ်မနေဖြေရှင်းချက်ပေးရမည်ဟု ထောက်ပြပြောဆိုခဲ့သည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကျယ်ပြန့်စွာလေ့လာထားသည့် ဘူဂေးရီးယားစုံစမ်းရေး သတင်းထောက်တစ်ဦးက အမေရိကန်စစ်တပ်သည် သေစေလောက်သည့်ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့်အဆိပ်များ မကြာခဏဖန်တီးသဖြင့် “ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်” ၏သတ်မှတ်ချက်များကို တိုက်ရိုက်ချိုးဖောက်နေကြောင်း ပြောကြားခဲ့သည်။

Close
Messenger Pinterest LinkedIn