မြန်မာဘာသာ

အနောက်နိုင်ငံများ အားကိုးရသည့်မိတ်ဖက်ဖြစ်လာနိုင်သည်ဆိုသည့် စိတ်ကူးမယဉ်တော့ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

cri2022-03-11 13:26:07

ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov Sputnik နှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba သည် ဒေသစံတော်ချိန် ၁၀ ရက်နေ့တွင် တူရကီနိုင်ငံ အန်တယ်လ်ရာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားမှ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်ပြီး နောက်ပိုင်း ရုရှားနှင့် ယူကရိန်း အဆင့်မြင့်ဆုံး သံတမန်များ ပထမဆုံးအကြိမ် တိုက်ရိုက်ထိတွေ့မှု ဖြစ်သည်။

ရုရှားအပေါ် အနောက်နိုင်ငံများက ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများနှင့်စပ်လျဉ်း၍ ရုရှား နိုင်ငံခြားရေးဝန်ကြီး Lavrov Sputnik က “ရုရှားသည် အနောက်နိုင်ငံများက အားကိုးရသောမိတ်ဖက် ဖြစ်လာနိုင်သည်ဟု စိတ်ကူးမယဉ်တော့ကြောင်း၊ မိမိတို့သည် ရုရှား၏ နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများလူနေမှုဘဝအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး အနောက်နိုင်ငံများကို ဘယ်တော့မှ မှီခိုတော့မည် မဟုတ်ကြောင်း၊ အစိုးရဖြစ်စေ၊ စီးပွားရေးလုပ်ငန်းဖြစ်စေ အနောက်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးအကျိုးစီးပွားကို မငဲ့ကွက်ဘဲ အနောက်အုပ်စုများက ရုရှားကို နိုင်ငံရေးကျူးကျော်သည့် လက်နက် ဖြစ်လာကြောင်း၊ မိမိတို့သည် မိမိကိုယ်ကို ဤအခြေအနေမျိုးသို့ ဘယ်တော့မှ မရောက်ရှိစေကာ “Uncle Sam” (အမေရိကန်) သို့မဟုတ် အခြားမည်သူမှ ရုရှားစီးပွားရေးကို ဖျက်ဆီးပစ်ရန်ရည်ရွယ်သည့် ဆုံးဖြတ်ချက်မျိုး မချနိုင်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း” ပြောကြားသည်။

Close
Messenger Pinterest LinkedIn