မြန်မာဘာသာ

“ယူကရိန်းသည် အမေရိကန်၏ ဇီဝလက်နက် စမ်းသပ်ရာနေရာ ဖြစ်လာသည်” ဟု ကုလသမဂ္ဂဇီဝနှင့်ဓာတုလက်နက်ကော်မတီ အဖွဲ့ဝင်ဟောင်း ပြောကြား

cri2022-03-11 13:25:00

ကုလသမဂ္ဂဇီဝနှင့်ဓာတုလက်နက်ကော်မတီ အဖွဲ့ဝင်ဟောင်း၊ အဏုဇီဝဗေဒပညာရှင် Igor Nikulin က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာနတို့သည် ၂၀၀၅ ခုနှစ်မှစ၍ “ပူးပေါင်းဆောင်ရွက်မှုများ” လုပ်ဆောင်ခဲ့ပြီး ၎င်းမှာ ယူကရိန်း၌ ဇီဝဓာတ်ခွဲခန်း ထူထောင်ခြင်းဖြစ်ကြောင်း၊ သဘောတူညီချက်အရ ယူကရိန်းသည် ၎င်းစုဆောင်းထားသော အန္တရာယ်ရှိ ရောဂါပိုးမွှားများကို အမေရိကန်သို့ လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အထိ ယူကရိန်း တစ်နိုင်ငံလုံးတွင် ထိုကဲ့သို့ ဓာတ်ခွဲခန်း ၁၆ ခုရှိပြီး ၎င်းအနက် ၁၀ ခုမှာ Kiev ၊ Kharkiv ၊ Lviv ၊ Odessa စသည့် လူဦးရေတစ်သန်းကျော်ရှိသည့် မြို့များတွင် တည်ရှိကာ ယူကရိန်းသည် စင်စစ်တွင် အမေရိကန်၏ “ဇီဝလက်နက် စမ်းသပ်ရာနေရာ” ဖြစ်လာကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Close
Messenger Pinterest LinkedIn