မြန်မာဘာသာ

အာဖဂန်၏ငွေကို ကန် အလွဲသုံးစားပြုခြင်းမှာ မတရားအနိုင်ကျင့်မှုဖြစ်သည်ဟု အာဖဂန် သမ္မတဟောင်း ဆို

cri2022-03-10 17:02:02

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အမိန့်ချထားခြင်းကြောင့် အမေရိကန်ရှိ အာဖဂန်၏ငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက် ချိတ်ပိတ် ခံခဲ့ရသည်။ ၄င်းငွေ ထဲတွင် တစ်ဝက်ကို စက်တင်ဘာ ၁၁ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူများအား လျော်ကြေးအဖြစ် ပေးဆပ်မည်ဖြစ်ပြီး နောက်တစ်ဝက်ကို အာဖဂန်ပြည်သူများအား“ကူညီရန်”နယူးယောက်မြို့ရှိ အမေရိကန်ပြည်ထောင်စုသိုလှောင်ရေးဘဏ်(Federal Reserve Bank) ၏ အကောင့်တစ်ခုသို့ ရွှေ့ပြောင်းသွားသည်။

CGTNသတင်းထောက် လျိုရှင် ၏မေးမြန်းချက်ကို ဖြေကြားရာတွင် အာဖဂန်သမ္မတဟောင်းHamid Karzaiက အဆိုပါသတင်းကို ကြားရပြီးနောက် လွန်စွာ ဒေါသထွက်မိကြောင်း၊ အဆိုပါငွေကို အာဖဂန်အစိုးရပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ အာဖဂန်ပြည်သူများသည် အဆိုပါငွေ၏ပိုင်ရှင် ဖြစ်ကြောင်း၊ အဆိုပါငွေကို မည်သို့ သုံးမည်နည်း ဆိုသည်ကို အမေရိကန်က ဆုံးဖြတ်ခွင့်မရှိဘဲ အာဖဂန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အသုံးပြုသင့်ကြောင်း ပြောကြားခဲ့ပါသည်။

Close
Messenger Pinterest LinkedIn