မြန်မာဘာသာ

နိုင်ငံတကာစွမ်းအင်ဈေးနှုန်း တက်လာ၊ “ကျွန်တော်တို့ကဘာမှ မတတ်နိုင်ဘူး”လို့ OPEC အတွင်းရေးမှူးချုပ် ဆို

cri2022-03-10 16:49:38

OPECသည် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာခြင်းကို မထိန်းချုပ်နိုင်ကြောင်း၊ အဓိကအချက်မှာ ရုရှားထောက်ပံ့မှုကို အစားထိုးနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု စွမ်းအား မလုံလောက်ခြင်းကြောင့် ဖြစ်ကြောင်း OPEC အတွင်းရေးမှူးချုပ် ဘာလ်ကင်ဒိုက မကြာခင်က ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

အဓိက ရေနံ တင်ပို့ရေးနိုင်ငံ ဖြစ်သည့် ရုရှားနိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ တစ်နေ့လျှင် ရေနံစိမ်း စည်ပေါင်း ၇ သန်းခန့် တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခုလောလောဆယ်တွင် ရုရှား-ယူကရိန်း အချင်းပွါးမှုနှင့် အနောက်နိုင်ငံများ၏ ရုရားအပေါ် အရေးယူပိတ်ဆို့မှုကြောင့် နိုင်ငံတကာရေနံဈေးနှုန်းသည် ဒလကြမ်း မြင့်တက်လာပါသည်။ ယင်းနှင့်ပတ်သက်၍ ဘာလ်ကင်ဒိုက OPEC သည် ဈေးကွက် တည်ငြိမ်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း ရုရှားထုတ်လုပ်မှု ဆုံးရှုံးမှုအတွက် ကမ္ဘာက ဖြည့်စွက်စွမ်းအားမရှိကြောင်းဖော်ပြပါသည်။

Close
Messenger Pinterest LinkedIn