မြန်မာဘာသာ

သြစတြေးလျသည် ရေဘေးနှင့်ကူးစက်ရောဂါ တိုက်ခိုက်မှု နှစ်ထပ်ခံနေရ

cri2022-03-09 12:48:26

ဒေသစံတော်ချိန် မတ်လ ၈ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် ဆင်ခြေဖုံး ရပ်ကွက်၌ ဆက်တိုက် ပြင်းထန်စွာ မိုးရွာခဲ့သောကြောင့် ဆစ်ဒနီမြို့ အနောက် တောင်ပိုင်း၌ ရေဘေးဖြစ်ပွားခဲ့ကြောင်း၊ အခုအထိ သြစတြေးလျအရှေ့ဖက် ကမ်းရိုးတန်း ဒေသ၌ ပြင်းထန်စွာ မိုးရွာသောကြောင့် လူ(၁၉)ဦးထက်မနည်း သေဆုံးပြီး လူများစွာ ပျောက်ဆုံးနေကြောင်း၊ နယူးတောင်ဝေလ်ရှ်ပြည်နယ် ဆစ်ဒနီမြို့၏ ဗဟိုစီးပွားရေးဇုန်၌ မြေအောက်ရထားများစွာ ရပ်တန့် နောက်ကျရပြီး လမ်းပန်းဆက်သွယ်ရေးသည် များစွာ ထိခိုက်ခံရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

သြစတြေးလျအစိုးရသည် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ်ချက် များစွာ လျော့နည်းလာသော်လည်း ပြည်နယ်များစွာ၌ ကူးစက်ရောဂါအခြေအနေ ပြင်းထန် ဆိုးဝါးနေသေးကြောင်း၊ ပြီးခဲ့သည့် (၂၄)နာရီအတွင်း နယူးတောင်ဝေလ်ရှ်ပြည်နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူအသစ် (၁၃၀၁၈)ဦး တိုးလာပြီး သေဆုံးသူအသစ် (၅)ဦး တိုးလာသည်ဟု ယင်းပြည်နယ် ကျန်းမာရေးဌာနမှ ၈ ရက်နေ့က ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ သိရကြောင်း သတင်းရရှိပါသည်။

Close
Messenger Pinterest LinkedIn