မြန်မာဘာသာ

AIIB မှ "COVID-19 အကျပ်အတည်း ပြန်လည်ထူထောင်ရေးရန်ပုံငွေ" ကန် ဒေါ်လာ ဘီလီယံ ၂၀ အထိ တိုးချဲ့လာ

cri2022-03-08 12:46:35

AIIB ကောင်စီ အနေနှင့် "COVID-19 အကျပ်အတည်း ပြန်လည်ထူထောင်ရေး ရန်ပုံငွေ"၏ ငွေရင်းဆွဲဆောင်ရေး လျှောက်လွှာသက်တမ်းကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ အချိန်တိုးစေပြီး၊ အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ COVID-19 ရောဂါအခြေအနေနှင့် စီးပွားရေး နာလန်ပြန်ထူရေးစိန်ခေါ်မှုများရင်ဆိုင်ရာ၌ အကူအညီပေးရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း AIIB မှ သတင်းအရ သိရသည်။

ပျော့ပျောင်းသော ငွေကြေးထောက်ပံ့မှုဖြင့် ယင်းရန်ပုံငွေသည် အဖွဲ့ဝင်နိုင်ငံများအား ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးနှင့် ငွေရေးကြေးရေးစနစ်များအပေါ် ကပ်ရောဂါမှ ထိခိုက်မှုကို လျော့ပါးသက်သာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ရန်ပုံငွေ သက်တမ်း အချိန်တိုးခြင်း ခွင့်ပြုလိုက်သည်နှင့်အမျှ ရန်ပုံငွေ အတိုင်းအတာကို မူလက အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံရှိရာမှ ဘီလီယံ ၂၀ အထိ တိုးလာသည်ဟု သတင်းအရသိရသည်။

Close
Messenger Pinterest LinkedIn