မြန်မာဘာသာ

ရုရှားတွင် အင်တာနက်ချိတ်ဆက်မှု အဆက်အသွယ်ဖြတ်ရန် အစီအစဉ်မရှိ

cri2022-03-08 10:47:45

ဒေသစံတော်ချိန် ၇ ရက်နေ့တွင် ရုရှားနိုင်ငံ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် လူထု မီဒီယာဝန်ကြီးဌာနက ရုရှားနိုင်ငံသည် အင်တာနက်ချိတ်ဆက်မှု ဖြတ်တောက်ရန် စီစဉ်နေကြောင်း ကောလာဟလကို ငြင်းဆိုခဲ့သည်။

ရုရှားဝက်ဘ်ဆိုဒ်များကို ဆိုက်ဘာတိုက်ခိုက်မှုများ မပြတ်ဖြစ်ပွားနေကြောင်း၊ ရုရှားသည် ရုရှား ကွန်ရက်အရင်းအမြစ်များကို အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအမျိုးမျိုး ပြုလုပ်ထားပြီး အင်တာနက် ချိတ်ဆက်မှု အဆက်အသွယ်ဖြတ်ရန် အစီအစဉ်မရှိကြောင်း အဆိုပါဌာနက ပြောဆိုထားသည်။

Close
Messenger Pinterest LinkedIn