မြန်မာဘာသာ

တရုတ်နိုင်ငံသည် တောင်ပင်လယ်ဆိုင်ရာ ဆောင်ရွက်ရေးမူ ရရှိရန် အလားအလာအပေါ် ယုံကြည်စိတ် အပြည့် ရှိသည်ဟု ဝမ်ယိ ဆို

cri2022-03-07 17:27:33

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံသည် တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်ရေးမူ ရရှိရန် အလားအလာအပေါ် ယုံကြည်စိတ် အပြည့်ရှိကြောင်း၊ တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်ရေးမူ တိုင်ပင်ဆွေးနွေးပွဲကို တွန်းအားပေးခြင်းသည် တရုတ်နှင့် အာဆီယံ နိုင်ငံအသီးသီးတို့၏ တူညီသော အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တောင်ပင်လယ်ကို ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး ပင်လယ်ဖြစ်စေရန် သော့ချက်ကျရာလည်း ဖြစ်ကြောင်း၊ ယခု တိုင်ပင် ဆွေးနွေးပွဲသည် သော့ချက်ကျသော အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး ဘက်အသီးသီးတို့ အနေနှင့် သဘောကွဲလွဲမှုအပေါ် မှန်ကန်စွာ သဘောထားရန်နှင့် အနှောင့်အယှက်ပြုမှုများကို ပြတ်ပြတ်သားသား ဖယ်ရှားရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

Close
Messenger Pinterest LinkedIn