နေတိုးအဖွဲ့ထိပ်သီးများအစည်းအဝေးကြေညာချက်ဆိုင်ရာ တရုတ်ပြည်မှ တုံ့ပြန်ပြောဆို
cri2022-03-26 12:30:31
ယခုလ ၂၅ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် နေတိုးအဖွဲ့ထိပ်သီးများအစည်းအဝေး ကြေညာချက်ပါ တရုတ်ပြည်နှင့် ပတ်သက်သော အကြောင်းအရာနှင့် စပ်လျဉ်း၍ တုံ့ပြန်ပြောဆိုခဲ့သည်။ သူက တရုတ်ပြည်အနေနှင့် ယူကရိန်းပြဿနာ အပေါ် အရေးကိစ္စ၏ အမှားအမှန်ကို မူတည်ပြီး အစဉ်တစိုက် လုပ်ဆောင်၍၊ အခြေအနေတင်းမာမှု လျှော့ပါး စေရန်၊ အကျပ်အတည်းဖြေရှင်းရန်၊ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်ဟု China Media Group မှ သတင်း အရသိရသည်။
ဆက်လက်၍ ဝမ်ဝင်ပင်က ယခုလောလောဆယ် ပြုလုပ်သင့်သည်မှာ အပစ်အခတ် ရပ်စဲခြင်းပင်ဖြစ်ကြောင်း၊ စေ့စပ်ဆွေးနွေးရေးမှာ လက်တွေ့အကျဆုံးသော နည်းလမ်းပင်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။