ဝမ်ယိ၏သဘောထား
cri2022-03-25 10:57:17
ဒေသစံတော်ချိန် ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရာဝါပင်ဒီ၌ ပါကစ္စတန် စစ်ဦးစီးအရာရှိချုပ် (ကြည်း) Qamar Javed Bajwa နှင့်တွေ့ဆုံခဲ့ပြီး တရုတ်-ပါကစ္စတန် ဆက်ဆံရေးနှင့် နိုင်ငံတကာဒေသအရေး ကိစ္စများနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးနက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဝမ်ယိက မိမိတစ်ဦးတည်း ဘေးကင်းမှု သို့မဟုတ် လုံးဝဘေးကင်းမှုခံစားခြင်းကို တောင့်တပြီး မိမိ၏ဘေးကင်းမှုကို အခြားနိုင်ငံ၏မလုံခြုံမှုပေါ်တွင် တည်ဆောက်ထားပါက ပဋိပက္ခဖြစ်ပွားလာမည်မှာ သေချာကြောင်း ယူကရိန်းအန္တရာယ်က လူတွေကို ပြောပြနေကြောင်း၊ ၂၁ ရာစုနှစ်၏ ယနေ့တွင် စစ်ရေးအုပ်စုနှင့် အဖွဲ့ခွဲကာ အတိုက်အခံလုပ်ခြင်းသည် အများ၏ အားပေးမှု ရမည်မဟုတ်သကဲ့သို့ ရှေ့ရေးတက်လမ်းလည်းမရှိကြောင်း ပြောကြားခဲ့သည်။