မြန်မာဘာသာ

တရုတ် အာကာသ စခန်း၏ နောက်ထပ်တစ်ကြိမ် အာကာသသင်တန်း အောင်မြင်စွာပြုလုပ်

cri2022-03-24 16:42:44

မတ်လ ၂၃ ရက်နေ့က နောက်ထပ်တစ်ကြိမ် အာကာသ သင်တန်းကို တရုတ်အာကာသစခန်းတွင် ပြုလုပ်ခဲ့ပြီး ယင်းသည် တရုတ်အာကာသယာဉ်မှူးများက အာကာသ သင်တန်းကို တတိယအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအကြိမ် သင်တန်းကို တရုတ်သိပ္ပံနည်းပညာပြတိုက်၌ ပင်မသင်ခန်းထားရှိပြီး ရှီးဇန့်၏ လာဆာမြို့၊ရှင်းကျန်း၏ ဝူလူမုချိမြို့၌ သင်ခန်းခွဲ ၂ခု ထားရှိ၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ တရုတ် အာကာသယာဉ်မှူး ကျယ်ကျိကမ်း၊ ဝမ်ယာ့ဖိန်နှင့် ရက်ကွမ်းဖုတို့သည် ကလေးများနှစ်သက်သဘောကျသည့်သင်တန်းကိုသင်ကြားပို့ချပါ သည်။

Close
Messenger Pinterest LinkedIn