မြန်မာဘာသာ

တရုတ်မြစ်များနှင့် ရေကန်များ၏ ဇီဝပတ်ဝန်းကျင် အခြေအနေ ဆက်တိုက် ကောင်းမွန်လာ

cri2022-03-24 16:44:02

ယခုသီတင်းပတ်သည် “တရုတ်ရေသီတင်းပတ်”ဖြစ်ပါသည်။ တရုတ် ဆည်မြောင်းနှင့် တာတမံ ဝန်ကြီးဌာနမှ နောက်ဆုံး စာရင်းအရ တရုတ်နိုင်ငံ၏ မြေအောက်ရေ ရေမှတ်များ ထင်ရှားစွာ မြင့်တက်လာပြီ ဖြစ်ပြီး မြစ်များနှင့် ရေကန်များ၏ ဇီဝပတ်ဝန်းကျင် အခြေအနေ ဆက်တိုက် ကောင်းမွန်လာကြောင်း၊ ၂၀၂၁ ခုနှစ် ပီကင်း-ထျန်ကျင်း-ဟိုပေဒေသတွင် မြစ်များနှင့်ရေကန်များထဲသို့ ရေစုစုပေါင်း ကုဗမီတာ ၈၄၆၈သန်းကို ထည့်သွင်းပံ့ပိုးပြီဖြစ်ကြောင်း၊ ဆည်မြောင်းနှင့် တာတမံဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျေးရွာ ရေကန်အလှ တည်ဆောက်ရေးကို စတင် စမ်းသပ် ပြုလုပ်ကာ လက်ရှိအချိန်အထိ ခရိုင်၁၂၇ခရိုင်တွင် တည်ဆောက်မှုများကို စမ်းသပ် ပြုလုပ်ပြီဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

Close
Messenger Pinterest LinkedIn