မြန်မာဘာသာ

BRICS နိုင်ငံများ ကာကွယ်ဆေး သုတေသန စင်တာ အွန်လိုင်း ဖွင့်လှစ်

cri2022-03-24 16:41:14

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝင်ပင်က BRICS နိုင်ငံများ ကာကွယ်ဆေးသုတေသန စင်တာ အွန်လိုင်း ဖွင့်ပွဲအခမ်းအနားအကြောင်းကို မိတ်ဆက်ရာတွင် ယခုအချိန်ကာလတွင် နိုင်ငံအသီးသီးမှ စင်တာများသည် အင်တာနက် ပလက်ဖောင်းပေါ်တွင် အခြေခံ၍ Virtual စင်တာများကို တက်ကြွစွာ တည်ဆောက်မည် ဖြစ်ပြီး BRICS နိုင်ငံများ ကာကွယ်ဆေးသုတေသန စင်တာ ကွန်ရက်ကို လက်တွဲ ပူးပေါင်းဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြေအနေ ပြည့်စုံသည့်အခါ စင်တာကို လက်တွေ့ တည်ထောင်မည် ဖြစ်ကြောင်း၊ ၂၃ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝမ်ဝင်ပင်က ကာကွယ်ဆေးသုတေသန စင်တာသည် BRICS နိုင်ငံငါးနိုင်ငံ၏ အားသာချက်များကို စုစည်းပြီး BRICS ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်ရန်၊ နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် BRICS အင်အား အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

Close
Messenger Pinterest LinkedIn