ဝမ်ယိနှင့် အာဖရိက ၃ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ တွေ့ဆုံဆွေးနွေးခြင်း အကြောင်းအရာကို နိုင်ငံခြားရေး ဝန်ကြီးဌာန မိတ်ဆက်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝင်ပင်းသည် ယခုလ ၂၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ဇန်ဘီယား၊ အယ်လ်ဂျီးရီးယား၊ တန်ဇန်နီးယား ၃ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ၏ တွေ့ဆုံဆွေးနွေးခြင်း အကြောင်းအရာကို မိတ်ဆက်ပေးခဲ့သည်။
ဝမ်းဝင်ပင်းက တရုတ်နှင့် အာဖရိက ၃နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများက လက်ရှိ ယူကရိန်း အကျပ်အတည်းသည် ဥရောပ အခြေအနေအပေါ် ပြင်းထန်သော ထိခိုက်မှုရှိပြီး ယင်းဂယက် ရိုက်ခတ်မှုသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့လျက်ရှိကြောင်း၊ သို့သော် ကမ္ဘာသည် အလွန်ကြီးမား၍ ပြဿနာ အလွန် များပြားကြောင်း၊ အထူးသဖြင့် အာဖရိကတိုက်ကြီးသည် မေ့လိုက်ခြင်းနှင့် ဘေးဖယ်ထားခြင်းကို မခံသင့်ဘဲ ဒုက္ခခံရသူလည်း မဖြစ်သင့်ကြောင်း ယူဆကြသည်။
ထို့အပြင် ဝမ်းဝင်ပင်းက တရုတ်ပြည်သည် ၃ နိုင်ငံနှင့် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်မှု နက်ရှိုင်းစေရေး၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ Belt and Road အတူ တည်ဆောက်ရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောတူညီချက် များစွာ ရရှိပြီး နှစ်ဖက် အကြား အစဉ်အလာ ချစ်ကြည်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကြောင်း လည်း ပြောကြားသည်။