မြန်မာဘာသာ

ရှီကျင့်ဖိန်သည် Eastern Airlines ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ပြန်၊ အစွမ်းကုန် ရှာဖွေကယ်ဆယ်ရန်၊ နောက်ဆက်တွဲကိစ္စကို သင့်တော်စွာ ဆောင်ရွက်ရန်၊ မြို့ပြ လေကြောင်း လုံခြုံမှု အန္တရာယ်ကို အားဖြည့် ဖယ်ရှားရန်၊ လေကြောင်း လုံခြုံမှုကို အ

cri2022-03-21 19:59:15

မတ်လ ၂၁ ရက်နေ့ ညနေ ၂ နာရီ ၃၈ မိနစ်ခန့်တွင် တရုတ် Eastern Airlines လေယာဉ် တစ်စင်းသည် ကူမင်းမှ ကွမ်ကျိုးသို့ ပျံသန်းရာ၌ ကွမ်ရှီး ဝူကျိုးမြို့၌ ပျက်ကျခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် ခရီးသည် ၁၂၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၉ ဦး တင်ဆောင်ထားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အသက်ရှင်သူများကို အစွမ်းကုန် ရှာဖွေ ကယ်ဆယ်ရန်၊ ဒဏ်ရာရရှိသူများကို အစွမ်းကုန် ကယ်ဆယ်ရန်၊ နောက်ဆက်တွဲကိစ္စများကို သင့်တော်စွာ ဆောင်ရွက်ရန်၊ သတင်းများကို အချိန်မီ မှန်ကန်စွာ ထုတ်ပြန်ရန်၊ မြို့ပြ လေကြောင်း လုံခြုံမှု စီမံခန့်ခွဲရေးကို အားဖြည့် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီခေ့ချန်တို့ မှာကြားသည့်အတိုင်း တရုတ် မြို့ပြ လေကြောင်းဦးစီးဌာန၊ အရေးပေါ် စီမံခန့်ခွဲရေးဌာန အပါအဝင် သက်ဆိုင်ရာဌာနများသည် လုပ်ငန်းအဖွဲ့များကို စေလွှတ်ပြီ ဖြစ်ပါသည်။ ယခု ရှာဖွေကယ်ဆယ်ရေးနှင့် နောက်ဆက်တွဲ ကိစ္စရပ်များ၊ လေယာဉ်ပျက်ကျမှု အကြောင်းရင်း စုံစမ်းစစ်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

Close
Messenger Pinterest LinkedIn