ရှင်ကျင့်-ကွမ်းကျိုး-ခါရှီမှ အလယ်အာရှ၊ တောင်အာရှသို့ ပုံစံမျိုးစုံဖြင့် ပူးတွဲ သယ်ဆောင်ရေး ရထား တရားဝင် စတင် ပြေးဆွဲ
ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆေးဝါးကုသရေး ပစ္စည်းနှင့် နေ့စဉ်သုံး ပစ္စည်းများကို သယ်ဆောင်သည့် ကုန်တင်ကား အစီး ၂၀ သည် ရှင်းကျန်း ခါရှီ အထွေထွေ အခွန်ကင်းလွတ်ဇုန်မှ ထွက်ခွါပြီး ကာဂျစ်စတန် အပါအဝင် အလယ်အာရှ ၅ နိုင်ငံသို့ ခရီးကို စတင်ခဲ့ကြောင်း၊ ယင်းသည် ရှင်ကျင့်-ကွမ်းကျိုး-ခါရှီမှ အလယ်အာရှ၊ တောင်အာရှသို့ ပုံစံမျိုးစုံဖြင့် ကုန်စည်ပို့ဆောင်သည့် ပူးတွဲ သယ်ဆောင်ရေး ရထား တရားဝင် စတင် ပြေးဆွဲခြင်းကို ပြဆိုနေကြောင်း CMG မှ သတင်းအရ သိရသည်။
ရှင်ကျင့်-ကွမ်းကျိုး-ခါရှီမှ အလယ်အာရှ၊ တောင်အာရှ ပုံစံမျိုးစုံဖြင့် ပူးတွဲ သယ်ဆောင်ရေး ရထား လုပ်ငန်းစဉ်သည် ရှင်းကျန်းအား ရှင်းကျင့်မှ ကူညီပံ့ပိုးရေး ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းတွင် အရေးကြီး လုပ်ငန်းစဉ် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ ပထမဆုံး ရထားသည် ရှင်းကျင့်မှ ထွက်ခွါပြီး ကီလိုမီတာ ၅၈၀၀ ကို ဖြတ်သန်း၍ ယခုလ ၁၉ ရက်နေ့တွင် ရှင်းကျန်း ခါရှီသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။