မြန်မာဘာသာ

တရုတ်သံမဏိလုပ်ငန်းကုမ္ပဏီ ၂၄ ခုတွင် လေထု ညစ်ညမ်းမှု နည်းပါးသော ဓါတ်ငွေ့ ထုတ်လွှတ်မှု ဖေါ်ဆောင်

cri2022-03-21 10:37:29

သံမဏိ စက်မှုလုပ်ငန်းသည် အမျိုးသား စီးပွားရေး၏ အရေးကြီး အခြေခံ လုပ်ငန်း ဖြစ်သလို လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော ဓါတ်ငွေ့များ အများဆုံး ထုတ်လွှတ် တတ်သော လုပ်ငန်းလည်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်ကစပြီး တရုတ်နိုင်ငံသည် သံမဏိ လုပ်ငန်းများ လေထုညစ်ညမ်းမှု နည်းပါးသော ဓါတ်ငွေ့ထုတ်လွှတ်မှု ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ တရုတ် သံမဏိ စက်မှုလုပ်ငန်း အသင်းမှ ယခုလ ၂၀ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ တရုတ်ပြည် သံမဏိလုပ်ငန်းကုမ္ပဏီ ၂၄ ခုတွင် လေထု ညစ်ညမ်းမှု နည်းပါးသော ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ယခု ဖေါ်ဆောင်ခဲ့ပြီဟု China Media Group မှ သတင်းအရ သိရပါသည်။

အထက်ပါစာရင်းအရ ၁၄ ခုမြောက် ငါးနှစ်စီမံကိန်းကာလ၏ နောက်ဆုံးအချိန် ရောက်သည့်အခါ တစ်ပြည်လုံး သံမဏိလုပ်ငန်းကုမ္ပဏီ ၈၀ ရာခိုင်နှုန်းသည် လေထု ညစ်ညမ်းမှု နည်းပါးသော ဓါတ်ငွေ့ ထုတ်လွှတ်မှု ဖေါ်ဆောင်မည်ဟု သတင်းရရှိပါသည်။

Close
Messenger Pinterest LinkedIn