မြန်မာဘာသာ

နိုင်ငံချင်းဆက်ဆံမှုသည် စစ်တိုက်သည့်အထိ မဖြစ်သင့်ပြီး အတိုက်အခံ ပြုမှုသည် မည်သူ၏ အကျိုးစီးပွားနှင့်မဆို မကိုက်ညီကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မှသာ နိုင်ငံတကာ မိသားစုကြီး တန်ဖိုးအထားသင့်ဆုံးသော ဓနပင် ဖြစ်ကြောင်း ရှီကျင့်ဖိန် ဆို

cri2022-03-18 23:10:18

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ ရက်နေ့ညက ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ဗီဒီယို ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက မိမိတို့သည် ဗီဒီယို တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည့်နောက်ပိုင်း နိုင်ငံတကာ အခြေအနေသည် ပြောင်းလဲမှုကြီးသစ် ဖြစ်ပွားခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ခေတ်ရေစီးကြောင်းသည် တင်းမာသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာကြီးသည် မတည်မငြိမ် ဖြစ်နေခဲ့ကြောင်း၊ ယူကရိန်း အကျပ်အတည်းသည် မိမိတို့ မမြင်လိုခြင်း ဖြစ်ကြောင်း၊ နိုင်ငံချင်းဆက်ဆံမှုသည် စစ်တိုက်သည့်အထိ မဖြစ်သင့်ပြီး အတိုက်အခံ ပြုမှုသည် မည်သူ၏ အကျိုးစီးပွားနှင့်မဆို မကိုက်ညီကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မှသာ နိုင်ငံတကာ မိသားစုကြီး တန်ဖိုးအထားသင့်ဆုံးသော ဓနပင် ဖြစ်သည်ဟု သက်ဆိုင်ရာ ဖြစ်ရပ်များက ထပ်တစ်ကြိမ် ပြဆိုထားကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းကောင်စီဝင်နိုင်ငံနှင့် ကမ္ဘာ့ အကြီးဆုံး စီးပွားရေးအုပ်စု နှစ်ခု အနေနှင့် မိမိတို့သည် တရုတ်-အမေရိကန် ဆက်ဆံမှုကို မှန်ကန်သည့် လမ်းကြောင်းအတိုင်း ရှေ့သို့ တိုးတက်ရန် ဦးဆောင်ရမည့်အပြင် ထမ်းဆောင်သင့်သော နိုင်ငံတကာ တာဝန်ဝတ္တရားများကိုလည်း ထမ်းဆောင်၍ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

Close
Messenger Pinterest LinkedIn