ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတနှင့် ဖုန်းဆက်
cri2022-03-17 15:41:16
တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့ ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။
ရှီကျင့်ဖိန်က အင်ဒိုနီးရှားဖွံ့ဖြိုးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးရှိ သည့် အစီအစဉ်မှန်သမျှကို တရုတ်ပြည်မှ အပြုသဘောဆောင်သော သဘောထားလေ့ရှိကြောင်း၊ ဂျီ-၂၀ အုပ်စု သဘာပတိနိုင်ငံ အခန်းကဏ္ဍကို အင်ဒိုနီးရှားမှ ပါဝင်ပြီး ဘာလီကျွန်း ထိပ်သီးများ အစည်းအဝေး အောင်မြင်စွာ ကျင်းပရန် တရုတ်ပြည်က ထောက်ခံပါကြောင်း ပြောကြားခဲ့သည်။
ဂျိုကိုက အင်ဒိုနီးရှားအနေနှင့် တရုတ်ပြည်နှင့် ရင်းနှီးစွာ ပူးပေါင်းပြီး ဂျီ-၂၀ လုပ်ငန်းများကို တွန်းအားပေးကာ ကမ္ဘာ့ရေးရာ အရေးပေါ်ပြဿနာများကို အတူဖြေရှင်း သွားလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။