မြန်မာဘာသာ

တရုတ်သည် ပိုမိုများပြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများအတွက် အခွင့်အလမ်း များ ဖန်တီးပေးမည်

cri2022-03-16 16:29:26

မတ်လ ၁၅ရက်နေ့က တရုတ်အများပြည်သူဆက်ဆံရေးအသင်းနှင့် တရုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများအသင်းတို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ နည်းပညာသစ်နှင့် အင်တာနက်လုပ်ငန်းများမှ ကိုယ်စားလှယ် များအား ၂၀၂၂ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးနှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ အစည်းအဝေးများ တွင် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ မူဝါဒနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ ကြုံတွေ့နေသောအခွင့်အလမ်းစသည်တို့ကို ရှင်းပြခဲ့ပါသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာပြည်တွင်းပြည်ပလုပ်ငန်းများမှ ကိုယ်စားလှယ်များ သည် စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် ကောင်းမွန်စေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေကို အသုံးပြုရေး၊ အစဉ်တစိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော ကာဗွန်လျော့ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

Close
Messenger Pinterest LinkedIn