မြန်မာဘာသာ

ယနေ့ခေတ်… ရှီးဇန့် (သို့မဟုတ်) တိဘက် အပိုင်း-၁

cri2022-03-11 16:52:07

တရုတ်ပြည်ကို အလုပ်ကိစ္စနဲ့ ကျွန်မရောက်တော့ တရုတ်လူမှုကွန်ရက်မှာ ရှီးဇန့်ကသိပ်လှပတယ်။ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝတယ်လို့ ရေးကြတာတွေ့တော့ သိပ်ထူးထူးခြားခြားကြီး မခံစားမိပါဘူး။ ဒါပေမယ့် ရှီးဇန့်ဆိုတာ တိဘက်လို့သိလိုက်ရချိန်မှာ ကျွန်မတို့မြန်မာနိုင်ငံနဲ့ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေတဲ့ရှီးဇန့်၊ ကျွန်မတို့ မြန်မာလူမျိုးတွေ ချစ်ကြတဲ့တိဘက်လူမျိုး (သို့မဟုတ်) ဇန့်လူမျိုးတွေရှိတဲ့ ရှီးဇန့်ကို အတော်လေး စိတ်ဝင်စားသွားမိပါတယ်။ အထူးသဖြင့် ယနေ့ခေတ်ရှီးဇန့် အခြေအနေအကြောင်းကို အလိုလို သိချင်သွားမိ ပါတယ်။ ရှီးဇန့်ဆိုတာ ဘယ်လိုနေရာမျိုးလဲပေါ့။

အရင်ခေတ်အခါက ကျွန်မတို့သိခဲ့တဲ့ရှီးဇန့်ဟာ ကုန်းပြင်မြင့်တွေ များပြားစွာရှိပြီး လူနေမှုဆင်းရဲခဲ့တဲ့ဒေသ၊ တရုတ်ပြည်နဲ့ ဆက်သွယ်ဖို့ သွားလာရေး ခက်ခဲတဲ့ဒေသလေးတစ်ခု အဖြစ်သိခဲ့တာပါ။ ရှီးဇန့်ဒေသတရုတ်ပြည်ထဲ ဝင်ရောက်ပြီး နှစ်ပေါင်း ၇၀ ပြည့်မြောက်တဲ့ ယနေ့ခေတ်အခါမှာတော့ ယနေ့ခေတ်ရှီးဇန့်ဟာ ကျွန်မတို့ အရင်တုန်းက သိထား၊ ကြားထားတဲ့ ရှီးဇန့်နဲ့မတူကွဲပြားခြားနားစွာ တိုးတက်မှု၊ အေးချမ်းမှု၊ ဒေသဖွံ့ဖြိုးမှုနဲ့ ဆင်းရဲ နွမ်းပါးမှုတွေ ပပျောက်ခဲ့တာကိုတွေ့ရပါပြီ။ ရှီးဇန့်ရဲ့ ကောင်းသတင်းတွေကို ကြားတော့ရှီးဇန့်ကိုချစ်တဲ့ မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ ဝမ်းသာရပါတယ်။ ရှီးဇန့်မှာ ဘယ်လိုဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေပြီလဲ ဒါတွေကို လေ့လာဖို့ ကျွန်မတစ်ယောက် လွန်ခဲ့တဲ့နှစ်မှာရှီးဇန့် ကိုသွားဖို့ အခွင့်သာခဲ့ပါတယ်။

ပြည်သူသာအဓိက မူဝါဒနဲ့မောင်းနှင်နေတဲ့ ရှီးဇန့်

ရှီးဇန့်ကိုရောက်တော့ ကျွန်မတို့ကို လိုက်ပါပို့ဆောင်ပေးတဲ့ ဒေသအစိုးရရုံးက ပြန်ကြားရေးအရာရှိက သစ်လွင် တောက်ပစွာဆောက်ထားတဲ့ အထပ်မြင့်တိုက်ခန်းတွဲ အဆောက်အဦတွေကို လက်ညှိုးထိုးပြပြီး “ဒီအဆောက် အဦးတွေက ဝေးလံဒေသကနေ ပြောင်းလာတဲ့သူတွေ နေတဲ့တိုက်ခန်းတွေပေါ့ဆရာမ။ ဒီတိုက်ခန်း တွေထဲမှာ အိုးမကွာအိမ်မကွာနေထိုင်ရင်း ဒီရပ်ကွက်ထဲမှာပဲ အလုပ်လည်း လုပ်လို့ရတယ်လို့” ပြောပြလာတဲ့အခါ ကျွန်မ အံ့ဩတကြီး ဖြစ်ရပါတော့တယ်။ နေထိုင်ရာလည်းပေး၊ အလုပ်လည်း စီစဉ်ပေးတယ်ဆိုတော့ ဒေသခံဆင်းရဲ ပြည်သူတွေအတွက် အဆင်ပြေပြီလို့ပြောစရာပင်။ ဒါနဲ့တစ်ဆက်တည်း ရှီးဇန့်က ဇန့်လူမျိုးတွေအတွက် နေအိမ်အာမခံပေးရေး၊ စားဝတ်နေရေး ပြေလည်စေရေး၊ အလုပ်အကိုင်ရရှိစေရေး၊ ကျန်းမာရေးစနစ် အာမခံ ပေးရေး၊ ပညာသင်ကြားရေး အလုံးစုံအခမဲ့အာမခံပေးရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်စေရေး အာမခံပေးခြင်း စတဲ့ အာမခံတွေကို ဒေသအစိုးရအနေနဲ့ အာမခံပေးထားတယ်လို့ ဆိုပြန်ပါတယ်။

ပြန်ကြားရေးအရာရှိရဲ့ စကားကြောင့် ကျွန်မရင်ထဲ ဇန့်လူမျိုးတွေကိုယ်စား ဒေသအစိုးရရဲ့ လုပ်ဆောင်မှုကို နွေးထွေးစွာ လက်ခံရရှိခံစားမိလိုက်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်အမြဲပြောပြော နေတဲ့ “ပြည်သူ့အတွက်” ဆိုတဲ့စကားကို ကျွန်မနားထဲ အလိုလိုကြားယောင်လာမိပါတယ်။ ပြည်သူ့အတွက်ဆိုတာ ပြည်သူအများရဲ့ အကောင်းအဆိုး၊ ဒုက္ခ၊ သုခမှန်သမျှကို စိတ်မှာအမြဲထားပြီး ပြည်သူကိုအဓိကပြုဖို့ မဟုတ်ပါလား။ သမ္မတ ရှီကျင့်ဖျင်ရဲ့ “ပြည်သူသာအဓိက” ဆိုတဲ့ အတွေးအခေါ်နဲ့ ရှီးဇန့်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မှုတွေကို ကျွန်မအားအကျကြီးကျလို့ နေမိပါတယ်။

စိမ်းလန်းစိုပြေတဲ့ တောင်နဲ့ရေဟာ ရှီးဇန့်ရဲ့အလှဆုံး အမှတ်လက္ခဏာ

ဒီလိုလုပ်ဆောင်မှုတွေကြောင့်လည်း ကျွန်မတို့ကြားသိခဲ့ဖူးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကာလနဲ့ မတူတော့တဲ့ ရှီးဇန့်ဒေသဟာ အပြောင်းလဲကြီး ပြောင်းလဲနေပြီး ပြည်သူများရဲ့ နေထိုင်မှုဘဝတွေ အားကောင်းစွာ ပြောင်းလဲ ကောင်းမွန်လာတာကို ကျွန်မမျက်မြင် တွေ့ခဲ့ရပါပြီ။ ဒါ့အပြင် ရှီးဇန့်ဒေသရဲ့ ပြောင်းလဲတိုးတက်မှုတွေကို လေ့လာရင်း တရုတ်နိုင်ငံရဲ့ ရေအိုးကြီးလို့ တင်စားခေါ်ရမယ့် ရှီးဇန့်ဒေသကနေ မြစ်ဖျားခံစီးဆင်းလာတဲ့ နိုင်ငံ ၆ နိုင်ငံကို ဖြတ်သန်းစီးဆင်းနေတဲ့ မဲခေါင်မြစ် (သို့မဟုတ်) လန်ချန်းမြစ်ရင်းကို အနီးကပ်တွေ့ရှိခွင့် ရခဲ့သလို ဂေဟစနစ်ပတ်ဝန်းကျင် ကောင်းမွန်တိုးတက်ဖို့ အဓိကလုပ်ဆောင်နေတာတွေကိုလည်း လေ့လာသိရှိခွင့်ရ ခဲ့ပါတယ်။ ရှီးဇန့်မှာ “စိမ်းလန်းစိုပြေတဲ့ တောင်နဲ့ရေဟာ အလှဆုံးအမှတ်အသား လက္ခဏာ” လို့ မှတ်ယူပြီး ဂေဟစနစ်ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ကြိုးစား အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း ရှီးဇန့်ကိုရောက်တဲ့အခါ လှပတဲ့တောင်တန်းနဲ့ လှပတဲ့သဘာဝပတ်ဝန်းကျင် ရှုခင်းတွေဟာ ကျွန်မကိုရူးခါအောင် လှုပ်ခါဆွဲဆောင်နိုင်ခဲ့ပါတယ်။ ရှီးဇန့်က လှပတဲ့တိမ်တွေ၊ လှပတဲ့တောင်တွေ၊ လတ်ဆတ်တဲ့ လေနုအေးတွေက ကျွန်မကို ရှီးဇန့်နောက်တစ်ခါ လာရောက်ဖို့ ဆွဲဆောင်နေသယောင်ပါပဲ။

လက်ရှိအချိန်မှာတော့ ရှီးဇန့်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန် ဧရိယာစတုရန်း ကီလိုမီတာ ၄၁၂၂၀ဝ ကျော်ရှိပြီး ရှီးဇန့်ဧရိယာရဲ့ ၃ပုံ ၁ပုံ ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းမှု ရှိတာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀ အတွင်း ရှီးဇန့်ဒေသရဲ့ ဂေဟစနစ်ပတ်ဝန်းကျင် နယ်ပယ်အတွက် စုစုပေါင်း တရုတ်ယွမ် ၈၁.၄ ဘီလီယံ အသုံးပြုခဲ့ပြီး ဂေဟစနစ်ထိန်းသိမ်း ကာကွယ်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ခဲ့တယ်လို့သိရပါတယ်။ ဒီလိုဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးစနစ်ကို ဖော်ဆောင်ရင်း ၂၀၁၆ ခုနှစ်နောက်ပိုင်း မှာ ရှီးဇန့်ပြည်သူတွေအတွက် အလုပ်အကိုင်နေရာ စုစုပေါင်း ၇သိန်းကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီ့အတွက် ရှီးဇန့်ပြည်သူတွေရဲ့ ဝင်ငွေဟာ ယွမ် ၄ ဘီလီယံနီးပါး တိုးတက်ရရှိခဲ့ပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဂေဟစနစ်ထိန်းသိမ်မှုရဲ့ အကျိုးရလဒ်တွေကိုလည်း ဒေသခံပြည်သူတွေ ကောင်းကောင်းကြီး မျှဝေခံစားခွင့် ရရှိခဲ့ကြပါတယ်။

စာရေးသူ-စုသက်မှူး

Close
Messenger Pinterest LinkedIn