မြန်မာဘာသာ

တရုတ်နှင့် အမေရိကန်တို့ အပြန်အလှန် တံခါးဖွင့်ထားပြီးပြီ ပြန်မပိတ်သင့်တော့ကြောင်း လီခေ့ချန် ဆ

cri2022-03-11 15:29:48

တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က ပြီးခဲ့သည့် နှစ် ၅၀ တုန်းက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့သည် လိပ်ခဲတည်းလည်းဖြစ်သော အခြေအနေကို ချိုးဖောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ပြန်လည် ဖြစ်စေ ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် အပြန်အလှန် တံခါးဖွင့်ထားပြီဖြစ်ပြီး ပြန်မပိတ်သင့်တော့ဘဲ စီးပွား ကုန်သွယ်မှု ဖြတ်တောက်ခြင်းကိုလည်း ပိုမလုပ်သင့်ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် လူမှုရေး၊ သမိုင်းနှင့် ယဉ်ကျေးမှု၊ ဖွံ့ဖြိုးရေး အဆင့်ကာလ စသည့်ဘက်များတွင် ကွာဟချက်ကြီး ရှိသဖြင့် သဘောကွဲလွဲမှု ရှိခြင်းသည် မရှောင်နိုင်သာ အကြောင်းပင် ဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်မှုသည် အဓိက ရေစီးကြောင်း ဖြစ်သင့်ကြောင်း ၁၁ ရက်နေ့က ပြောကြားပါသည်။

Close
Messenger Pinterest LinkedIn