မြန်မာဘာသာ

ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကိုယ်စားလှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲတွင် ပါဝင်၊တရုတ်လူမျိုးများ၏ အသိုက်အဝန်းအတွေးအခေါ်အခြေခံအုတ်မြစ်ကို စဉ်ဆက်မပြတ် ခိုင်မာစေရမည်ဟု ပြောကြား

cri2022-03-06 11:10:22

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေးကို ယခုလ ၅ ရက်နေ့က ဖွင့်လှစ်ပြီး ထိုနေ့မွန်းလွဲပိုင်းတွင်ပင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကိုယ်စားလှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။

ရှီကျင့်ဖိန်က အေးအတူ ပူအမျှ ဖြစ်သော အသိုက်အဝန်း သဘောတရားကို ခိုင်မာစွာ ချမှတ်နိုင်စေရန် တိုင်းရင်းသားအားလုံးမှ ပြည်သူများအား ဦးဆောင်လမ်းပြပြီး တရုတ်လူမျိုးများ၏ အသိုက်အဝန်းအတွေးအခေါ်အခြေခံအုတ်မြစ်ကို စဉ်ဆက်မပြတ် ခိုင်မာစေရမည် ဖြစ်ကာ၊ တိုင်းရင်းသားလူမျိုးစုအားလုံးသည် တရုတ်နိုင်ငံ၏ မိသားစုကြီးတွင် သလဲစေ့သဖွယ် မှီဝဲကြပြီး ကြီးမြတ်သောအမိနိုင်ငံကို အတူတကွ တည်ဆောက်၍ ပိုမိုကောင်းမွန်သောဘဝကို အတူတကွ ဖန်တီးရမည်ဟုပြောကြားပါသည်။

Close
Messenger Pinterest LinkedIn