မြန်မာဘာသာ

အမေရိကန်သည် လူသားချင်း စာနာထောက်ထားရေးကို ကျောခိုင်းဖောက်ဖျက်ပြီး ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေခဲ့သည်

cri2022-03-02 11:01:47

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၂၀၂၁ ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်မှု အစီရင်ခံစာကို ထုတ်ပြန်ပြီး အမေရိကန်သည် လူသားချင်း စာနာထောက်ထားရေးကို ကျောခိုင်းဖောက်ဖျက်ပြီး ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကျပ်အတည်းများကို ဖြစ်စေခဲ့ကြောင်း ဖေါ်ပြထားပါသည်။

ယင်းအစီရင်ခံစာတွင် အမေရိကန် အစိုးရသည် မကြာခဏ ဆိုသလို လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခဲ့ကြောင်း၊ “မိဘနှင့်သားသမီးများ တကွဲတပြားနေရ ခြင်း” ဖြစ်သည့် ရွှေ့ပြောင်းနေထိုင်သူဆိုင်ရာ မူဝါဒများသည် ရွှေ့ပြောင်းနေထိုင်သူများ၏ အသက်၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု အပါအဝင် လူ့အခွင့်အရေးများကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ကြောင်း၊ အမေရိကန်က ရွှေ့ပြောင်း နေထိုင်သူများအား ဝိုင်းပယ်မှု အခြေအနေသည် တစ်နေ့ထက်တစ်နေ့ အစွန်း ရောက်နေပြီး ရွှေ့ပြောင်းနေထိုင်သူဆိုင်ရာ မူဝါဒများ ပြောင်းလဲတတ်ခြင်း၊ ရှေ့နောက်မညီခြင်း၊ လူ့အခွင့်အရေးကို လျစ်လျူရှုခြင်းတို့သည် နယ်စပ် အကျပ်အတည်းနှင့် ရွှေ့ပြောင်းနေထိုင်သူများ၏ ဝမ်းနည်းဖွယ်ရာ အခြေအနေများ ဖြစ်စေခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Close
Messenger Pinterest LinkedIn