ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ယူနန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃ ဦး နှင့် ရောဂါလက္ခဏာ မပြသူ ၂၁ ဦး အသစ် တွေ့ရှိ
cri2022-02-28 15:26:17
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ သုညနာရီမှ ည ၁၂ နာရီအထိ တရုတ်ပြည် ယူနန်ပြည်နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃ ဦး အသစ် တွေ့ရှိရကြောင်း၊ ယင်းအနက် ပြည်ပမှ ဝင်ရောက်လာသူ တစ်ဦးရှိပြီး ဒေသခံ ကူးစက်ခံရသူ ၂ ဦးရှိကြောင်း၊ လက်ရှိအချိန်အထိ ပြည်ပမှ လာရောက်သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁ ဦးရှိကြောင်း၊ ကူးစက်ခံရသူ စုစုပေါင်းဦးရေမှာ ၁၄၃၆ ဦး ရှိပြီး ဆေးကုသမှုခံခဲ့ပြီးနောက် ဆေးရုံ ဆင်းသူ စုစုပေါင်း ၁၄၀၅ ဦးရှိကာ ကပ်ရောဂါကြောင့် သေဆုံးသူ မရှိကြောင်း ယူနန်ပြည်နယ် အမျိုးသား ကျန်းမာရေးကော်မရှင်မှ သတင်းအရ သိရပါသည်။