မြန်မာဘာသာ

အားထုတ်ကြိုးပမ်းမှုတွင် အံ့ဖွယ်ကောင်းသော ဘဝဖန်တီးကြ—နှင်းရေခဲ အားကစား သမားများထံသို့ ရှီကျင့်ဖိန်မှ စာပြန်

cri2022-02-25 14:31:56

ယခုလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ တရုတ် ပျဉ်တစ်ချပ် နှင်းလျှောစီး အားကစားသမား ဆူယိမင်အား စာပြန်ပြီး ၄င်းအပါအဝင်ဖြစ်သည့် တရုတ်ပြည်နှင်းရေခဲ အားကစားသမားများအား ဂုဏ်ပြုကြောင်း ဖော်ပြသည့်အပြင် မြင့်မား သော မျှော်လင့်ထားချက်ကိုလည်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ထိုပြန်စာတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က တရုတ်နှင်းရေခဲ အားကစား သမားများသည် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် အားထုတ်ကြိုးပမ်းပြီး ကိုယ့်ကိုယ်ကိုယ် ကျော်လွှားကာ ထူးချွန်သော အောင်မြင်မှုများရရှိနိုင်ခဲ့ကြကြောင်း၊ "ကျွန်တော်က အားလုံးကို ဂုဏ်ပြုကြောင်း၊ အားကစားသမားတိုင်းအတွက် လက်မထောင် ပြကြောင်း" ရေးသားဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

Close
Messenger Pinterest LinkedIn