မြန်မာဘာသာ

ဝမ်ယိသည် ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗ်ရော့ဗ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

cri2022-02-24 21:40:13

ယခုလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗ်ရော့ဗ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လာဗ်ရော့ဗ်သည် ယူကရိန်း အခြေအနေ ယခုအထိ ဖြစ်ပွားလာသည့်ဖြစ်စဉ်နှင့် ရုရှား၏ ရပ်တည်ချက်ကို ရှင်းလင်းဖေါ်ပြခဲ့ပါသည်။ ၄င်းက အမေရိကန်နှင့် နေတိုးအဖွဲ့သည် ကတိပြုချက်ကို ဖောက်ဖျက်ပြီး အရှေ့ဘက်သို့ အဆက်မပြတ် တိုးချဲ့၍ မင့်စ်က် သဘောတူစာချုပ်သစ်ကို ဖေါ်ဆောင်ရန် ငြင်းပယ်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၂၀၂ ကို ဖောက်ဖျက်သဖြင့် ရုရှားသည် အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်သော ဆောင်ရွက်ချက်ကို မလုပ်မဖြစ် ကျင့်သုံးရခြင်း ဖြစ်ကြောင်း ဖေါ်ပြပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသည် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ ပြည့်စုံမှုကို တလျှောက်လုံး လေးစားပါကြောင်း၊ တစ်ချိန်တည်းတွင် ယူကရိန်း အရေးကိစ္စသည် ရှုပ်ထွေး ထူးခြားသော သမိုင်း အကြောင်းရင်း ရှိခြင်းကို မြင်တွေ့ရပြီး လုံခြုံရေးဆိုင်ရာ ရုရှား၏ တရားနည်းလမ်းကျသော အလေးထားမှုကို နားလည်ပါကြောင်း၊ စစ်အေး အတွေးအခေါ်ကို စွန့်လွှတ်ပြီး စေ့စပ်ဆွေးနွေးရေးနည်းလမ်းဖြင့် ညီမျှ၊ ထိရောက်၊ ဆက်တိုက် ဖြစ်သည့် ဥရောပ လုံခြုံရေးစနစ်ကို ဖြစ်တည်စေရန် တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း ပြောကြားပါသည်။

Close
Messenger Pinterest LinkedIn