မြန်မာဘာသာ

ဆိုယာပဲနှင့် ဆီထွက်သီးနှံ ထုတ်လုပ်မှု မြှင့်တင်ရေး စီမံကိန်း အားဖြည့်ဆောင်ရွက်ရန် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီမှ အမှတ် ၁ စာတမ်းတွင် ဖော်ပြ

cri2022-02-24 13:23:07

၂၀၂၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အမှတ် ၁ စာတမ်း ဖြစ်သည့် (တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတော်ကောင်စီမှ ၂၀၂၂ ခုနှစ် ကျေးလက်ဒေသ ရှင်သန်ဖွံ့ဖြိုးရေး အဓိကလုပ်ငန်းတာဝန်များ ဘက်စုံတိုးမြှင့်ရေး စာတမ်း) ကို မကြာခင်က တရားဝင်ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်စားနပ်ရိက္ခာဖူလုံမှုကို ခိုင်မာစွာ အာမခံပေးပြီး အတိုင်းအတာဖြစ်သည့် ဆင်းရဲမှု ပြန်မဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်၍ ဆိုယာပဲနှင့် ဆီထွက်သီးနှံများ ထုတ်လုပ်မှု တိုးမြင့်စေကာ “ဆီပုလင်းများ” ထဲတွင် တရုတ်ပြည်ထွက်ဆီကို များများဖြည့်နိုင်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရသည်။

Close
Messenger Pinterest LinkedIn